တစ်လအတွင်းလှုပ်ခတ်မှုအရှိဆုံးသတင်း(ဖေဖေါ်ဝါရီ)
FreedomNewsGroupအနေဖြင့်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်းများသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်ကွဲပျားခြားနားစရာများဖြစ်က ရွေးချယ်၍ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံး သတင်းဖြစ်ရမည့်ပြင်အများပြည်သူကြားထဲနှိုက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။ ယခုလအတွက် NEWS OF THE MONTH အဖြစ် ဧရာဝတီ သတင်းဌာန၏သတင်းတစ်ပုဒ်ဖြစ်သည့် “ကျနော် ထဘီ ဝတ်ချင်တယ်” ဆိုသည့်သတင်းကိုNEWS OF THE MONTH အဖြစ်ဖေါ်ပြလိုက်ပါသည်။ Continue reading တစ်လအတွင်းလှုပ်ခတ်မှုအရှိဆုံးသတင်း(ဖေဖေါ်ဝါရီ)
Rate this:
အလုံသစ်တောဝင်းထဲတွင်ညသန်းခေါင်ကျော်မီးလောင်မှုဖြစ်ပွား
တင်ကျော်ကျော်စိုး
မီးလောင်ရာသို့ လာသည့်မီးသတ်ကား ယာဉ်တိုက်မှုဖြစ်ပွား
ယနေ့ ည၁၂နာရီ အချိန်ခန့် တွင် ရန်ကုန်မြို့အလုံ သစ်တောဝင်းအတွင်းမီးလောင်မှုတစ်ခုဖြစ်ပွားကြောင်းသိရှိရသည်။
ရဲဘက်စခန်းများ၏နောက်ဆုံးအခြေအနေ(အင်တာဗျူး)
ပြီးခဲ့တဲ့ အပတ်က မကြာသေးခင်က အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့နှစ်ကြီးအကျဉ်းသား ဦးဘအေးနဲ့ 
ဒီတစ်ပတ်မှာတော့အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၆ နှစ်ကျော်ကျခံရကာ အင်းစိန်ထောင် မြောင်းမြ ကစကဲ ရဲဘက် နှင့် ပုသိမ်ထောင်တို့ တွင်နေ ခဲ့ရသူတစ်ဦးဖြစ်သည့် ကိုဝင်းအောင်(နာမည်ရင်းမဟုတ်ပါ)နဲ့ တွေ့ ဆုံမေးမြန်းထားပါတယ်။
FNG။                            ။ကိုဝင်းအောင်အခု ဘယ်ထောင်ကလွတ်လာပါသလဲခင်ဗျ။
ကိုဝင်းအောင်။              ။ကျွန်တော်ပုသိမ်ထောင်ကလွတ်လာတာပါ။
FNG။                            ။ထောင်စကျတည်းကပုသိမ်ထောင်မှာပဲလား။
ကိုဝင်းအောင်။              ။စကျတော့ အင်းစိန် နောက် ပုသိမ် တစ်နှစ်ကျော်လောက်နေပြီး
တော့ မြောင်းမြ ထောင်မှာ တစ်လ နောက်
ကစကဲ ရဲဘက်ကိုပါသွားတယ်။ Continue reading “ရဲဘက်စခန်းများ၏နောက်ဆုံးအခြေအနေ(အင်တာဗျူး)”
“မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး”
"Slumdog Millionaire" ကလေးငယ်များအော်စကာပေးပွဲတက်ရောက်ပြီးအိမ်သို့ အပြန်တွင် မွမ်ဘိုင်းသားတို့ ကအားရ၀မ်းသာကြိုဆို ဇာတ်ကားအော်စကာဆုရသော်လည်း ထိုဇာတ်ကားထဲမှကလေးများက မွမ်းဘိုင်မြို့ စွန်ရှိနေရင်းအိမ်ကျူးကျော်တဲသို့ သာပြန်ရမည်။ ဓာတ်ပုံ-ဟဖ်ဖင်တန်ပို့ (စ်)
"Slumdog Millionaire" ကလေးငယ်များအော်စကာပေးပွဲတက်ရောက်ပြီးအိမ်သို့ အပြန်တွင် မွမ်ဘိုင်းသားတို့ ကအားရ၀မ်းသာကြိုဆို ဇာတ်ကားအော်စကာဆုရသော်လည်း ထိုဇာတ်ကားထဲမှကလေးများက မွမ်းဘိုင်မြို့ စွန်ရှိနေရင်းအိမ်ကျူးကျော်တဲသို့ သာပြန်ရမည်။ ဓာတ်ပုံ-ဟဖ်ဖင်တန်ပို့ (စ်)
အော်စကာဆုရ“မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး”
မောင်ရစ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
လွန်ခဲ့တဲ့ တနင်္ဂနွေက အော်စကာမှာ သူချည်းပဲ ဆုရသွားတယ်။ ဗိုလိုကတော့ “ဆလန်းဒေါ့မီလျံနာ” ပေါ့ဗျာ။ အင်္ဂလန်က ဒါရိုက်တာ၊ ပရိုဂျုဇာနဲ့ ရုပ်ရှင်အဖွဲ့က ဘုံဘေက ကျူးကျော်ရပ်ကွက်ကို အခြေပြုလို့ ဇာတ်ကွက်ကို ရိုက်တာမှာ အဲဒီ ဆင်းရဲသားတွေကို ခေါ်သုံးခဲ့တယ်၊ ပိုက်ဆံ မရှိလို့။ ကလေး ၃ ယောက်က အဲဒီက နင်းပြားကလေး ၃ ဦး။ ကျန်တဲ့ သရုပ်ဆောင်တွေထဲမှာ အားလုံးက နာမည်ကြီး မပါဘူး။ မြန်မာတွေသိတဲ့ “ရာဂ်ျကပူး” ပဲပါမယ်။ သူက ဉာဏ်စမ်းတင်ဆက်သူ အခမ်းအနားမှူးအဖြစ် သရုပ်ဆောင်တယ်။ Continue reading ““မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး””
ကျိုက်ထိုမီးလောင်မှုတွင်လု ယက်မှုများ ဖြစ်ပွား
ယမန်နေ့ ညနေကစတင်လောင်ကျွမ်းခဲ့သောကျိုက်ထိုမီးလောင်မှုတွင်အများပြည်သူများကမီးလန့် 
၍ထွက်ပြေးကြစဉ် လု ယက်မှုများ နှင့်အလစ်သုတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ညနေခြောက်နာရီကျော်အချိန်က စတင်လောင်ကျွမ်းခဲ့သောမီးမှာ ဒေသခံမီးသတ်စခန်းတွင် မီးသတ်ယာဉ်များအလုံအလောက်မရှိ၍ မုပ္ပလင်နှင့် စစ်တောင်းမှ မီးသတ်ကားများအပါအ၀င်
ကျိုက်ထို အခြေစိုက် စစ်တပ်မှလာရောက်ကူညီ ညှိမ်းပေးရသည်ဟုသိရှိရသည်။ Continue reading “ကျိုက်ထိုမီးလောင်မှုတွင်လု ယက်မှုများ ဖြစ်ပွား”
မှောင်ခိုလက်မှတ်ဈေးကို မမှုပဲ ဆလမ်းဒေါ့ ကိုနေပြည်တော် ရုံတွင် ကြည့်ခဲ့သူများနှင့်အင်တာဗျူး
နေပြည်တော်ရုပ်ရှင်ရုံတွင်တင်ဆက်ပြသနေသည့် Slumdog Millionaire ဇာတ်ကား
နေပြည်တော်ရုပ်ရှင်ရုံတွင်တင်ဆက်ပြသနေသည့် Slumdog Millionaire ဇာတ်ကား
ယနေ့ မှစ၍နေပြည်တော်ရုပ်ရှင်ရုံတွင် ပြသနေသည့် အော်စကာဆုရ ဆလမ်းဒေါ့ မီလျှံနာဇာတ်ကားအားမှောင်ခိုလက်မှတ်ဈေးကို မမှု သွားရောက်ကြည့်ရှုသူများနှင့်
ရန်ကုန်မှ Freedom News Group အဖွဲ့ သားများက တွေ့ ဆုံမေးမြန်းထားသည်ကို
တင်ဆက်ပေးလိုက်ပါသည်။
FNG။               ။ရုံးကလာကြည့်ကျတာလား။
ပရိသတ်။         ။ဟုတ်တယ်သမီးတို့ ထရိတ်ဒါးဟိုတယ်က ညနေDuty
မ၀င်ခင်လာကြည့်ကျတာ
FNG။               ။ဘွတ်ကင်လား၊ရုံရောက်မှဝယ်တာလား။
ပရိသတ်။         ။၁နာရီရောက်တာကို ၂နာရီပွဲလက်မှတ်ကုန်သွားလို့ ၈၀၀ တန်း
ကိမှောင်ခိုတွေက ၃၀၀၀ ပြောတာ ၂၅၀၀ နဲ့ ရခဲ့တယ်ဒါတောင်တ
မျက်မမြင်ဂီတဆရာကြီးကို အိုဘားမားကဂုဏ်ပြု
အိုဘားမား ၏ဆုကို စတီဗီသမ်းဒါးကလက်ခံရယူ ဓာတ်ပုံ အေအက်(ဖ)ပီ
အိုဘားမား ၏ဆုကို စတီဗီဝမ်းဒါးကလက်ခံရယူ ဓာတ်ပုံ အေအက်(ဖ)ပီ
မိုက်ကယ်ဂျက်ဆင် ၊လီယွန်နယ်ရစ်ချီတို့ နှင့် အတူ we are the world သီချင်းကို ပူးပေါင်းဖန်တီးခဲ့သူလည်းဖြစ် The Women in Red ဇာတ်ကားမှ I just called to say I Love you သီချင်းကိုရေးစပ်ခဲ့သူလည်းဖြစ်သည့် အမေရိကန် တေးရေးဆရာနှင့် မျက်မမြင်အဆိုတော် စတီဗီ ၀မ်းဒါးကို အမေရိကန်သမ္မတက အိမ်ဖြုတော်၌ Library of Congress Gershwin Prize
ဂုဏ်ထူးဆောင်ဘွဲ့ ကို၂၅ရက်နေ့ ကပေးအပ်ချီးမြှင့်ခဲ့သည်။ Continue reading “မျက်မမြင်ဂီတဆရာကြီးကို အိုဘားမားကဂုဏ်ပြု”
ကျိုက်ထိုမြို့ လည်တွင်ကမ္ဘာပျက်သလိုမီးအကြီးအကျယ်လောင်
တင်ကျော်ကျော်စိုး
မွန်ပြည်နယ် ကျိုက်ထိုမြို့ မြို့ လည် ရှိလူစည်ကာရာဈေးအနီးရှိရပ်ကွက်တွင် ယနေ့ ညနေ၅နာရီကျော်အချိန်မှစ၍ မီးစတင်လောင်ကျွမ်းနေရာယခုသတင်းရေးနေချိန်ထိည ၉နာရီထိမီး
လောင်ကျွမ်းမှုမရပ်သေးဟုသိရှိရသည်။
ကျိုက်ထို မီးသတ်စခန်းတွင် မီးသတ်ကား၅စီးသာရှိ၍ အနီးအနားရှိမြို့ များဖြစ်သော မုပ္ပလင် နှင့်သထုံတို့ မှမီးသတ်ကားများကို ရတခ မှတစ်ဆင့် တောင်းခံထားရသည်ဟုသိရသည်။
ကျိုက်ထိုမြို့ တွင်မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ဒေသခံများမှာကမ္ဘာပျက်သကဲ့သို့ ရှိပြီး
ဖုန်းလိုင်းများအားလုံးမှာလည်းဆက်သွယ်ခေါ်ယူ၍မရတော့ချေ။နောက်ဆုံးကြားသိရသည့်
သတင်းများအရ မီးမှာ ပိုအိမ်ခြေ ၁၀၀ကျော်ခန့် ကို ၀ါးမြိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Continue reading “ကျိုက်ထိုမြို့ လည်တွင်ကမ္ဘာပျက်သလိုမီးအကြီးအကျယ်လောင်”
၂၀ရာစုမြန်မာဟာသ၀တ္ထ္ထုတိုများ(စာအုပ်အညွှန်း)
၂၀ရာစုမြန်မာဟာသ ၀တ္ထုတိုများစာအုပ်မျက်နှာဖုံး
၂၀ရာစုမြန်မာဟာသ ၀တ္ထုတိုများစာအုပ် မျက်နှာဖုံး
ဟာသလိုင်းတွင်နာမည်ကျော်ကြားသောမြန်မာစာရေးဆရာ၁၉ ဦးပါဝင်ရေးသားထားသည့်၂၀ရာစုမြန်မာဟာသ၀တ္ထုတိုများ
အမည်ရှိစာအုပ်ကို လောကသစ်စာပေမှထုတ်ဝေဖြန့် ချိခဲ့သည်။
ကုသ၊နွယ်စိုး၊သော်တာဆွေ၊ထင်လင်း၊သာဂဒိုး၊မောင်ထင်၊
သော်တာဆွေ၊မိုးဟိန်း၊ကြပ်ကလေး၊အီကြာကွေး၊ကြူမွှေး၊အဏ္ဏ၀ါစိုးမိုး၊
နေ၀င်းမြင့်၊ဇ၀န၊ကျော်ရင်မြင့်၊သုမောင်၊မင်းလူ၊ကျော်ရင်မြင့်၊မိုးနွယ်၊
အကြည်တော်စသည့် စာရေးဆရာများပါဝင်သည်။
ဟာသလိုင်းတွင်နာမည်ကျော် မဟုတ်သောစာရေးဆရာများကထိုစာအုပ်တွင်
ကို ချီးကျုးရပေမည်။ Continue reading “၂၀ရာစုမြန်မာဟာသ၀တ္ထ္ထုတိုများ(စာအုပ်အညွှန်း)”
တော်လှန်ရေးလမ်း
ငြိမ်းချမ်းငြိမ်း
Beautiful Mind ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ ၀င်ရောက်လာခဲ့သူ ဒါရိုက်တာ ဆန်မန်ဒက်(စ်)မှာ တကားရိုက် တကားဆိုသလောက် အောင်မြင်သူ ဖြစ်သည်။ Road to Perdition နှင့် Jarhead ဇာတ်ကားများမှာလည်း သူ့လက်ရာများ ဖြစ်သည်။ ကိတ်ဝင်းစလက်ကို အကောင်းဆုံးဇာတ်ပို့ဆု ရစေခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဆု ၅ ဆု လျာထားခံရသည်။ Revolutionary Road ဇာတ်ကားအတွက်လည်း သူက အကောင်းဆုံး ဒါရိုက်တာဆု လျာထားခံရသည်။
Revolution Road ဇာတ်ကား၏ အဓိကဇာတ်ကောင်နှစ်ဦး (လွန်ခဲ့သော ဆယ်ဆုနှစ်တခုကျော်က Titanic ဇာတ်ကားတွင် အတွဲညီခဲ့သော သရုပ်ဆောင်နှစ်ဦး) ကို ပြန်လည်ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ ထိုနှစ်ယောက်မှာ လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် ဖြစ်သည်။
Titanic ဇာတ်ကားတွင်မူ Jack နှင့် Rose အဖြစ် သရုပ်ဆောင်ခဲ့သည်။ ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက်တို့၏ အချစ်ရေးက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းသလို တဦးပေါ်တဦး သစ္စာရှိမှုမှာ ကြေကွဲဖွယ်ရာ ကောင်းလှသည်။ ထိုဇာတ်ကားတွင် သူတို့နှစ်ဦး၏ အချစ်မှာ အနစ်နာခံမှု၊ ပေးဆပ်မှု၊ နားလည်မှု၊ စွန့်လွှတ်ရဲမှုတို့ဖြင့် ဒါရိုက်တာ ဂျိမ်း(စ်)ကင်မရွန်က သရုပ်ဆောင်စေခဲ့သည်။ နောက် ၁၀ နှစ် ကြာသည့်အခါ ဒါရိုက်တာ ဆမ်မန်ဒက်(စ်)က ကြမ္မာငင်ကာ ဝေးခဲ့ရသည့် ခေတ်သစ် ရိုမီယိုနှင့် ဂျူးလီယက် ချစ်သူနှစ်ဦးကို Revolutionary Road ဇာတ်ကားဖြင့် ပြန်လည်ပေါင်းစည်းပေးခြင်း ဖြစ်သည်။
နာမည်ကျော် သရုပ်ဆောင်အဖြစ်ကို လှမ်းတက်နေသည့် ဧပရယ်ဝှီလာနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်သော ဖရန့်(ခ်)ကိုမှာ ချစ်သူရည်းစား ဘ၀ကတည်းက တဦးကိုတဦး အရမ်းချစ်ကြသည်။ တညတာဝေးရုံဖြင့် တသတ်တာ ဆွေးရသည့် ကိန္နရီ၊ ကိန္နရာ မောင်နှံလို အချစ်မျိုးဖြင့် ချစ်ခဲ့ကြသည်။ ချစ်ရာသီ အလီလီပြောင်းပြီးနောက် သူတို့နှစ်ဦးမှာ တဦးကိုတဦး စုံမက်စွာဖြင့် လက်ထက်ခဲ့ကြသည်။ Continue reading “တော်လှန်ရေးလမ်း”
ရန်ကုန် အမေရိကန်သံရုံးယဉ်ကျေးမှုဌာန၏ အော်စကာည
ရန်ကုန်မြို့ အမေရိကန်သံရုံးတွင်၈၁ကြိမ်မြောက်အော်စကာဆုပေးပွဲအစီအစဉ်ထုတ်လွှင့်ပြသခြင်းနှင့် ဧည့်ခံပွဲပါတီပြုလုပ်ကျင်းပခဲ့သည်ဟုသိရှိရသည်။သံရုံးအော်စကာဆုအကြောင်းနှင့် အော်စကာဆုပေးပွဲသမိုင်း နှင့် ဆုရရှိသူများကိုညည်းငွေ့ ဖွယ်မဖြစ်အောင် ရှင်းလင်းတင်ပြခဲ့သည်။ Continue reading ရန်ကုန် အမေရိကန်သံရုံးယဉ်ကျေးမှုဌာန၏ အော်စကာည
Rate this:
ရန်ကုန်မြို့ အတွင်း နိဗ္ဗာန်ယာဉ်များ ရပ်နားခွင့် မပြုတော့
ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူနှင့် နာရေးကူညီမှုအသင်းသားများ နာဂစ်ဒဏ်ခံရသည့်ဒေသများတွင်သွားရောက်ကူညီစဉ်
ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူနှင့် နာရေးကူညီမှုအသင်းသားများ နာဂစ်ဒဏ်ခံရသည့်ဒေသများတွင်သွားရောက်ကူညီစဉ်
ပေါ်ပြုလာဂျာနယ်တွင် ဖေါ်ပြထားသည်။ Continue reading “ရန်ကုန်မြို့ အတွင်း နိဗ္ဗာန်ယာဉ်များ ရပ်နားခွင့် မပြုတော့”
ရွေးကောက်ပွဲကျင်းပပေးပါရန် သက်ဆင်လိုလားသူများက ၀န်ကြီးချုပ်ရုံးကို ပိတ်ဆို့ ဆန္ဒပြ
အဘီဆစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသူများ
အဘီဆစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသူများ (ဓာတ်ပုံ-www.abc.net.au)
ထိုင်းဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူများကပိတ်ဆို့ ထားစဉ်(ဓာတ်ပုံ-အေအက်ဖပီ)
ထိုင်းဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူများကပိတ်ဆို့ ထားစဉ်(ဓာတ်ပုံ-အေအက်ဖပီ)
အစိုးရရုံးအနီးတွင်စစ်တပ်များနေရာယူချထား(ဓာတ်ပုံ-အေအက်ဖပီ)
အစိုးရရုံးအနီးတွင်စစ်တပ်များနေရာယူချထား(ဓာတ်ပုံ-အေအက်ဖပီ)
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အားထောက်ခံကြသည့်ထောင်ပေါင်းများစွာသော တီရှပ်အနီရောင်ဝတ်ဆန္ဒပြသမားများ က ဒီနေ့ မနက်မှာထိုင်းဝန်ကြီးချုပ်ရုံးကိုဝန်းရံပြီး
ဝန်ကြီးနှုတ်ထွက်ပေးရေး၊ပါလီမန်ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်ကျင်းပပေးရေးတို့ ကို
တောင်းဆို ခဲ့ကြသည်ဟုသတင်းရှိသည်။
Continue reading “ရွေးကောက်ပွဲကျင်းပပေးပါရန် သက်ဆင်လိုလားသူများက ၀န်ကြီးချုပ်ရုံးကို ပိတ်ဆို့ ဆန္ဒပြ”