ဗြိတိသျှ၊ အိန္ဒိယရုပ်ရှင် Slumdog Millionaire (ရုပ်ရှင်အညွှန်း)
ငြိမ်းချမ်းငြိမ်း
အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှ ဆင်းရဲသားများ စုပေါင်းနေထိုင်ရာ ရပ်ကွက်တခုမှ လူငယ်တယောက်၏ ဘ၀ဖြတ်သန်းမှုကို တင်ဆက်ထားသည့် Slumdog Millionaire ဇာတ်ကားမှာ ဇန်န၀ါရီလက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၄ ဆု ချီးမြှင့်ခံရသည်။ ဗြိတိသျှရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၇ ဆု ချီးမြှင့်ခံရပြန်သည်။
Slumdog Millionaire ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်လည်း ဆုများစွာ ဆွတ်ခူးခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် အော်စကာ ထူးချွန်ဆုပေးပွဲ၌လည်း ဆုပေါင်း ၁၀ ဆု လျာထားခဲ့ရသည်။
အကောင်းဆုံး ဇာတ်ကားဆုအပြင် ဂီတဘက်ဆိုင်ရာ ထူးချွန်ဆုများပါ လျာထားခံရသည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်တေးများမှာလည်း ဇာတ်လမ်းတခုလုံးကို အထိရောက်ဆုံး ပံ့ပိုးပေးနိုင်သဖြင့် အေအာရာမန်မှာ သူ၏ ဂီတဖန်တီးမှုအတွက်လည်း ဆုများစွာ ရရှိခဲ့သည်။ Continue reading “ဗြိတိသျှ၊ အိန္ဒိယရုပ်ရှင် Slumdog Millionaire (ရုပ်ရှင်အညွှန်း)”








